ကန်ကြီးထောင့် ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ဆိပ်သာလေးကျေးရွာနှင့် ကျောင်းကုန်းမြို့ နယ်အတွင်းရှိ ဆိပ်သာကြီးကျေးရွာတို့ကို ဆက်သွယ်ထားသော ကျုံလမုချောင်းဖြတ် သစ်သားတံတား ဟောင်းအား ကွန်ကရစ်တံအဖြစ် တားတည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ် ဝက်ထိုးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ သွားရောက်၍ ဆရာ/ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပညာရေးကိစ္စရပ်များနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး စာသင်ကျောင်းအတွက် ကျောင်းသုံးပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကျော်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းထားမှုအခြေအနေအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)