ပန်းခင်းစီမံချက်ဖြင့် ဟင်္သာတတက္ကသိုလ်၌ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် လူဝန်မူကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီချိန်တွင် ပန်းခင်းစီမံချက်ဖြင့် ဟင်္သာတတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ မှီခိုသူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ် ပြည်သူ့ဆေးရုံတွင် လှူဒါန်းသည့်ပစ္စည်းများအား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးတွင် လှူဒါန်းသည့်ပစ္စည်းများအား လွှဲပြောင်းအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။ အင်္ဂပူမြို့နယ် ရှမ်းခေါင်းဗြဲကျေးရွာအုပ်စု ဥသျှစ်ကုန်းဇာတိဖွား ဆရာတော်များဖြစ်ကြသော ဦးဝိမလဗုဒ္ဓိ၊ ဦးပညာဝံသ၊ ဦးစန္ဒာဝရ၊ ဦးစက္ကပါလသိဒ္ဓိ၊ ဦးဇောတိကတို့၏ ခမည်းတော် မယ်တော်များဖြစ်ကြသော ဦးဖြူသီး + ဒေါ်ရွှေမိ၊ ဦးမောင်မိုး+ဒေါ်ညိမ်းပုတို့က အင်္ဂပူပြည်သူ့ဆေးရုံတွင် သုံးစွဲရန်ခွဲစိတ်ခန်း သုံး ခုတင် (၂) လုံး၊ ဝှီးချဲ (၂) ခု၊ ဘီဒို (၂) လုံး၊ ဆက်တီ (၁) စုံ၊ ရုံးသုံးစားပွဲနှင့် ကုလားထိုင်(၁)စုံလှူဒါန်းမှု အစုစုကိုအင်္ဂပူမြို့နယ်အသင်းမှ ကိုယ်စားပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ကျိုက်လတ်-ဖျာပုံ ကားလမ်းဘေး (ယာဘက်)မြောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်တွင် စိုက်ပျိုးရေရရှိရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေမြောင်းများအား ပြန်လည် ပြုပြင် ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ကျိုက်လတ်-ဖျာပုံကားလမ်းမ (ယာဘက်) မြောင်းအား ပြန်လည် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။ အဆိုပါ လုပ်ငန်းများ သတ်မှတ်အချိန်အတွင်း သတ်မှတ်အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ဖူးပွင့်ခင် ကုမ္ပဏီက တူး‌ဖော်လျက်ရှိပြီးခွင့်ပြု ရန်ပုံငွေကျပ် (၄၀.၂၆၀)သန်း အကုန်အကျခံကာ ကျိုက်လတ်-ဖျာပုံ ကားလမ်းမ (ယာဘက်) မြောင်း အား အလျား(၁၉၅၀၀)ပေ၊ မြေကြီးကျင်း (၁၂၇၉၀) ကျင်း၊ ထိပ်ဝအကျယ်(၁၈)၊ အောက်ခြေအကျယ်(၁၁)ပေ၊ ပျမ်းမျှအနက်(၃.၅)ပေ တူးဖော်ပေးခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်း များပြီးစီးပါကအကျိုးပြု စိုက်ပျိုးမြေဧက (၈၀၀)ဧကအတွက် စိုက်ပျိုးရေများ ပြည့်ဝစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ယမန်နေ့‌ မွန်းလွဲ ၃နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ခရမ်းမြို့နယ် ထရန်ကန်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ  ဦးမောင်မောင်သန်းနှင့်အတူ ဝန်ထမ်းအဖွဲ့များ၊ ထရန်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များသည်ခရမ်းမြို့နယ် ထရန်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့နံနက် ၈ နာရီမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။

မိုးညိုမြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မိုးညိုမြို့နယ် ကြက်ခြေနီအသင်းခွဲက ဖွင့်လှစ်သည့် အခြေခံရှေးဦး ပြုစုခြင်း သင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်ရှိ မဟာသုမင်္ဂလသီဟ ကြေးသွန်းဘုရားကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်-ဖျာပုံ ကားလမ်းဘေး (ယာဘက်)မြောင်း ပြန်လည် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် စိုက်ပျိုးရေရရှိရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေမြောင်းများအား ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ကျိုက်လတ်-ဖျာပုံကားလမ်းမ(ယာဘက်)မြောင်းအား ပြန်လည် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

ကျိုက်လတ်မြို့၌ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron(အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူး ရဲမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက် ၈ အချိန်တွင် (၈)လမ်းမြို့မဈေး၊ အောင်မြင့်မိုရ်ဈေးနှင့် (၇)လမ်းတို့ တွင် ပြုလုပ်ခဲ့ကြသည်။

ဒေးဒရဲမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ကျုံချင်ကျေးရွာရှိ ကွန်ကရစ်လမ်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သယ်ယူပို့ဆောင်ရေးနှင့် သွားလာမှုအဆင်ပြေစေရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကျုံချင်ကျေးရွာအုပ်စု၊ ကျုံချင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့်  ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ နေ့လည်ပိုင်း တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ကျပန်းစကားပြော၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ မြိတ်တက္ကသိုလ်တွင် ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် ကျပန်းစကားပြော၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို မြိတ်တက္ကသိုလ်တွင် ဇန်နဝါရီ(၂၉)ရက်နှင့်(၃၀)ရက်တို့တွင် ကျင်းပ ခဲ့ရာ မြိတ်တက္ကသိုလ် ကျောင်းသား/သူများ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
Subscribe to