နမ္မတူ ဇန်နဝါရီ ၃၀
နမ္မတူမြို့နယ် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် ပညာရည်ထူးချွန် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို ရှေ့ဦးစွာ ဒသမတန်း ကျောင်းသား၊ ကျောင်းသူလေးများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက အဖွင့်အမှာစကားပြောကြားကာ၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်အုပ်ဆရာမကြီး ဒေါ်နန်းခင်ရွှေက ဆုပေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးနှင့် တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင် နှစ်တွင် ထူးချွန်ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ကျောင်းတက်ရက် မပျက်သော ဆရာမများအား လည်းကောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲ များတွင် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ထူးချွန်ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ သည်။
ဆက်လက်၍ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူလေး များက “ပြည်ထောင်စုအင်အား” သီချင်းဖြင့်လည်းကောင်း၊ “Fitness Dance” ဖြင့်လည်းကောင်း၊ “စည်းလုံးခြင်းအတွင် သီချင်းတစ်ပုဒ်” ဖြင့်လည်းကောင်း စသည်ဖြင့်အသီးသီး ကပြဖျော်ဖြေခဲ့ပြီး ကျောင်းဖွံဖြို့ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လှူဒါန်းပေးသော အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်ရွှေထံက သိရသည်။
လူမော် (ပြန်/ဆက်)