နမ္မတူ ဇန်နဝါရီ ၃၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ ပန်ချင်ကျေးရွာအုပ်စုအတွင်းရှိ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် တိုင်းရင်းသားပြည်သူ ၁၂၃ ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်းပေးအပ်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ချင်ကျေးရွာအုပ်စု၊ ပန်ချင်ကျေးရွာ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးအောင်ဆန်းမြင့်တို့က ပန်ချင်ကျေးရွာအုပ်စု၊ ပန်ချင်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၂၃)ကတ်အား ဒေသခံတိုင်းရင်းသားပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးက ပန်ချင်ကျေးရွာအုပ်စုရှိ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထပ်မံရရှိစေရေးတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ် (၄)မျိုး၊ နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းပြောကြားပြီး ပန်ခင်းစီမံချက်ဆိုင်ရာ သိမှတ်ဖွယ်ရာလက်ကမ်းစာစောင် (၁၅၀)စောင်အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှထံက သိရသည်။
လူမော် (ပြန်/ဆက်)