ကလိန်‌အောင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်း ဆောင်ရွက်

ကလိန်အောင် ဇန်နဝါရီ ၃၀

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့  မြို့မတံတားကြီးထိပ်၌ ယနေ့နံနက် ၈ နာရီက စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းဖြင့် တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ခင်မြတ်နိုးတတ်စေရန်၊  ပြည်ထောင်စုစိတ်ဓာတ်များ ရင့်သန်လာစေရန်နှင့် ပြည်ထောင်စုနေ့ သမိုင်း‌အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ကြီးကြပ်မှုဖြင့် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံဦးမင်းခိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးမိုးခိုင်