မင်းလှမြို့နယ် တောင်ဦးကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦနှင့် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ပြီးစီးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး

အထက်မင်းလှ ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် တောင်ဦးကျေးရွာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦနှင့် ဝန်ထမ်း အိမ်ယာများ ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက ယမန်နေ့ နံနက် ၉ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ် တောင်ဦးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်ရာ တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၁၄၉.၅)သန်း ဖြင့် ကျေးလက်ကျန်းမာရေးဌာနအဆောက်အဦ အလျား ၄၂ ပေ၊ အနံ ၅၄ ပေ၊ သုံးခန်းတွဲ ဝန်ထမ်း အိမ်ယာ အဆောက်အဦ အလျား ၃၇.၅ ပေ၊ အနံ ၃၈  ပေနှင့် နှစ်ခန်းတွဲဝန်ထမ်းအိမ်ယာ အဆောက်အဦ အလျား ၃၆ ပေ၊ အနံ ၃၀ ပေတို့အား ဆောက်လုပ်ခြင်း

ဖြစ်ပြီး အဆိုပါ အဆောက်အဦများမှာ ၁၀၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်းနှင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးဌာနမှူးက ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ ကျေးလက်ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ယာ အဆောက်အဦများ ဆောက်လုပ်ခြင်းကို Galaxy  Power ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ပြီး ကျေးလက်ကျန်းမာရေးဌာနနှင့် ဝန်ထမ်း အိမ်ယာများ ဆောက်လုပ်ပြီးစီးမှုအ‌ခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များ၊ မြို့နယ်အရည်အသွေး စစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက တာဝန်ခံ‌ ဆောက်လုပ်သည့် ကုမ္ပဏီ အနေဖြင့် သတ်မှတ်အရည်အ‌သွေး စံချိန်စံညွှန်းနှင့် အညီ ပြည့်မီ‌ရေး အ‌လေးထားလိုက်နာဆောင်ရွက် ရန် ပြောကြားခဲ့ကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)