မိုးညှင်း ဇန်နဝါရီ ၃၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ဆွမ်းဆန်တော်လှူဒါန်းခြင်းကို ယနေ့နံနက်(၁၁)နာရီခွဲတွင် ပညာရောင်ခြည် ပရိယတ္တိစာသင်တိုက်၌ လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန မိုးညှင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်ဦးဆောင်သည့် အဖွဲ့ဝင်များက မိုးညှင်းမြို့၊ ဟဲလုံကျေးရွာအုပ်စု၊ ပျော်ဘွယ်ကျေးရွာရှိ ပညာရောင်ခြည်ပရိယတ္တိစာသင်တိုက်၌ သံဃာတော်(၄၉)ပါးအတွက် ဆရာတော်အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဦးပညောဘာသထံ ဆွမ်းဆန်တော် (၁၂)အိတ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)