ဖျာပုံမြို့ ကျောင်းသား၊ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်စို့ဆောင်ပုဒ်နှင့်အညီ ကနိကျေးရွာအုပ်စု၊ အထက(ကနိ)ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းတွင်ဆောင်ရွက်ကြကြောင်းသိရသည်။