မိုးနဲ ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ်၊ နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ နမ့်မော်ဆွမ့် ကျေးရွာအား စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် လင်းခေးခရိုင် ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်နှင့် အဖွဲ့ဝင်များ ၊မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် ၊မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးဌာနမှ တာဝန်ရှိသူများ ၊လမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံ၊ ရပ်မိရပ်ဖများနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများအား နှစ်ရှည်မြေငှားဂရန်ထုတ်ပေးနိုင် ရေးအတွက် မြေပြင်တည်ရှိမှု အခြေအနေ ၊မြေရာဇဝင်မှတ်တမ်းများ ၊မြေယာပိုင်ဆိုင်မှု အထောက်အထားများကို တိုက်ဆိုင်စစ်ဆေးပြီး ကိုက်ညီမှုရှိသောမြေယာများအား မြေငှား ဂရမ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန်ရွှေ (မိုးနဲ)