နောင်တရား ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့နေရပ်စွန့်ခွာ လူမှု့ကူညီရေးစခန်း၌ ခေတ္တခိုလုံနေသည့် ကာယားပြည်နယ်မှ တိုက်ပွဲရှောင် ပြည်သူများအတွက် အလှူရှင်များက လူသုံးကုန်ပစ္စည်းများလှူဒါန်းကို ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းသည်။
နောင်တရားမြို့ ရတနာရန်နိုင်စေတီဓမ္မာရုံ၊ ဗုဒ္ဓဓမ္မတောင်ဓမ္မာရုံ၊ လွယ်ရိုးစေတီဓမ္မာရုံနှင့် စန္တာခမ်းဘက်စုံ ဖွံ့ဖြိုးရေးကွင်းစသည့်နေရာများ၌ လူမှု့ကူညီရေးစခန်းဖွင့်လှစ်၍ ကယား ပြည်နယ်မှ နေရပ်စွန့်ခွာ၍ တိုက်ပွဲရှောင် ပြည်သူများအတွက် ခေတ္တတည်းခိုနေသည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၉၁)စု၊ စုစုပေါင်း လူဦးရေ (၅၉၆)ဦးအတွက် တစ်ကိုယ်ရေလူ သုံးကုန်ပစ္စည်းများ၊ စောင်၊ ခြင်ထောင်၊ ဖျာ၊ ပန်းကန်နှင့် ဇွန်း စသည့် လူသုံးကုန်ပစ္စည်းများကို ရပ်ဝေးအလှူရှင်များကိုယ်စား နောင်တရားပရဟိတလူငယ်များအဖွဲ့မှ ဦးခွန်ဆန်းဦးက မျှဝေလှူဒါန်းပေးသည်။ နောင်တရားမြို့ ဒေသခံများနှင့် ရပ်ဝေးအလှူရှင်များက တိုက်ပွဲရှောင် ပြည်သူများ အတွက် ဆန်၊ ဆီ၊ စားနှင့် အခြားစားသောက်ကုန်များကို လာရောက်လှူဒါန်းကြကြောင်း သိရသည်။
နောင်တရား(ပြန်/ဆက်)