ချမ်းအေးသာစံ ဇန်နဝါရီ ၃၁
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ဇန်နဝါရီလ ၃၁ရက်နေ့ နံနက် ၁၀နာရီက မန္တလေး ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ ၂၀ဦးကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးခဲ့ပြီး မြို့နယ်စာကြည့်တိုက်မှူး ဒေါ်မို့မို့အောင်က ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်လင်းထက် ( ပြန်/ဆက်)