ပင်းတယမြို့နယ်အတွင်း ရေရှားပါးသည့် ကျေးရွာများအတွက်  ရေဂါလန်(၂၄၀၀) ဆံ့ ဖိုင်ဘာရေလှောင်ကန် ( ၅) ခုတပ်ဆင်လှူဒါန်းခြင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊  ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ရေရှားပါးသည့် နွေရာသီသောက်သုံးရေ အဆင်ပြေစေရန်ရည်ရွယ်ပြီး ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာတွင် ရေဂါလန် (၂၄၀၀) ဆံ့ ဖိုင်ဘာရေလှောင်ကန်များ တပ်ဆင်လှူဒါန်းမှုများဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ် ကြောင်း သိရသည်။

ငပု​တောမြို့နယ် ဟင်းအိုး​ချောင်း ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ​​ဆောင်ရွက်​ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်း​ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က ငပု​တောမြို့နယ် ဟင်းအိုး​ချောင်း ကျေးရွာအုပ်စုတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

( ၇၅ ) နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ 

၂၀၂၂  ခုနှစ်၊  (၇၅) နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌဖလား  အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ( ၀၉:၀၀)နာရီက ပြင်ဦးလွင်မြို့နယ် အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ   မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများ ၊  ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ ၊   ပြိုင်ပွဲဝင်အသင်းများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြသည် ။

လမိုင်းမြို့တွင်(၇၅)ကြိမ်မြောက် မွန်အမျိုးသားနေ့ (စိန်ရတု) အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူပွဲကျင်းပ

မွန်ပြည်နယ်၊မော်လမြိုင်ခရိုင် လမိုင်းမြို့၊ မြို့မ ၂ ရပ်ကွက် ၊ ကျိုက်ကေလာသဘုရားကွင်းတွင်(၇၅)ကြိမ်မြောက် မွန်အမျိုးသားနေ့ (စိန်ရတု)အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့နံနက် ၇နာရီခွဲက ပြုလုပ်ခဲ့သည်။

မန္တလေးခရိုင် Community Centreတွင် စာဖတ်ဝိုင်း ကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ ပူးပေါင်း၍ တက္ကသိုလ် မင်းသူ၏ ထာဝရပျော်ရွှင်ချမ်းမြေ့သော ဘဝစာအုပ်အား ဖတ်ရှုဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီတွင် Community Centre ခန်းမ၌ ကျင်းပသည်။

ငါန်းဇွန်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃) ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈နာရီအချိန်မှစ၍ ရွာသစ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာ၌ Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက် ပေးကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဆဌမအသုတ်(ပထမ) အကြိမ် (၈၈၇၉)ဦး ထိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲက ဆဌမအသုတ် (ပထမ)အကြိမ်တွင် ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း (၈၈၇၉)ဦးရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကျေးလက်တောရွာများအထိ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး စည်းကမ်း ချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုလုပ်ငန်း စည်းကမ်း ချက်များနှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်း ကျေးရွာအုပ်စု၊ အောင်ဘာကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြော၊ စာစီ စာကုံးနှင့်ကဗျာပြိုင်ပွဲများ အုတ်ဖိုမြို့တွင် ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်း စကားပြော၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းကကျင်းပခဲ့ရာ အုတ်ဖိုမြို့နယ် မှ ကျောင်းသား/သူများ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
Subscribe to