ဖျာပုံဇန်နဝါရီ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်စို့ဆောင်ပုဒ်နှင့်အညီ ကနိကျေးရွာအုပ်စု၊ အထက(ကနိ)ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းတွင်ဆောင်ရွက်ကြကြောင်းသိရသည်။
ထိုသို့နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အထကကျောင်းများသို့ နေ့ရက်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဆောင်ရွက်ပေးနေခြင်းနှင့် ပတ်သက်၍ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်က ရှင်းလင်းပြောကြားပြီး ဖျာပုံမြို့နယ် ကနိကျေးရွာအုပ်စု အထက(ကနိ) ကျောင်းရှိအသက် (၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ အသက်(၁၈)နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ ကျောင်းသား၊ကျောင်းသူ(၉၉)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)