ပုဏ္ဏားကျွန်းမြို့၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်(၄)ရပ်နှင့် အညီ ဆောင်ရွက်ထားရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့ နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။