သီပေါမြို့နယ်တွင် “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာဖတ်ပရိသတ်လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာများကို သူတစ်ပါးအား ပြန်လည်မျှဝေ နိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ် သည့် အလေ့အကျင့်ကောင်း များရရှိစေရန်ရည်ရွယ်၍ စာရေးဆရာ အောင်သင်း ရေးသားသည့် “ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စု နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အားကစားကွင်း၌ ယမန်နေ့‌  နေ့လယ် ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့ မဲသပုံ-ကွီးကျယ် ရေတံခွန်ထိ ရွာချင်းဆက်မြေလမ်း (၂)မိုင်အား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း (၉၅)ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီး

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မဲသပုံ-ကွီးကျယ် ရေတံခွန်ထိ ရွာချင်းဆက်မြေလမ်း (၂)မိုင်အား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို နို၀င်ဘာလ ၂၁ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် (၉၅)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံမြို့ ကျေးရွာ(၄)ရွာချင်းဆက်လမ်းပေါ်တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် သံကူကွန်ကရစ်တံတားများ တည်ဆောက် ခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းခန့်ပြီးစီး

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝသွားလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မဲသပုံ-ကွီးကျယ်-ထီးပရီး-မဲပရခီး ကျေးရွာ(၄)ရွာချင်း ဆက်လမ်းပေါ်တွင် သံကူကွန်ကရစ် တံတား(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် (၉၀) ရာခိုင်နှုန်းခန့်ထိ ဆောင်ရွက် ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု တစ်သိန်းခြောက်သောင်း ကျော်ထိုးပေးနိုင်ပြီဖြစ်

မန္တလေးတိုင်းဒေသကြီ၊ ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများကိုဗစ်၁၉ရောဂါကာ ကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့ နံနက်ပိုင်းအချိန်ထိ (၁၆၄၄၇၉)ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ရုရှားနိုင်ငံမှထုတ်လုပ်သော Sputnik light ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းစေရေး အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကာကွယ် ဆေးလုံးဝမထိုးနှံရသေးသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ရုရှားနိုင်ငံမှ ထုတ်လုပ်သော Sputnik light ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ်နေကြာသီးညှပ် (၅၀)ဧက စံပြစိုက်ကွက်များအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က လက်ပံတန်းမြို့နယ် နေကြာသီးညှပ်(၅၀)ဧက စံပြစိုက်ကွက်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာတွင် ဖူးစားပြောင်းစိုက် တောင်သူမိသားစုဝင်များ စျေးကောင်းရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာရှိ တောင်သူများသည် ဖူးစားပြောင်းစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး စိုက်ပျိုးသူများ စျေးကောင်းရရှိကြောင်း သိရသည်။

ကျုံပျော်တွင် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးစစ်ဆေးမှုများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရေး၊ နယ်မြေ‌အေးချမ်းသာယာရေးအတွက် လုံခြုံရေးစစ်ဆေးမှုများကို ဇန်နဝါရီ ၃၁ ရက်  နံနက်ကမြို့အဝင်/အထွက် အင်းရဲလမ်းဆုံ၌ ပူး‌ပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများသို့ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးခြင်းကို ယမန်နေ့ ၉ နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to