မိတ္ထီလာ ဇန်နဝါရီ ၃၁
မိတ္ထီလာမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်မှုဖလား ပိုက်ကျော်ခြင်း ခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အား ကစားကွင်းတွင် ကျင်းပကြောင်းသိရသည်။
အဆိုပါ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းခပ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ရှိသူများတက်ရောက်အားပေးသည်။ ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက အဖွင့်အမှာ စကားပြောကြားပြီး ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။ ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ရတနမာရ်အောင်အသင်း နှင့်ဇောင်ချမ်းကုန်းအသင်း တို့ယှဉ်ပြိုင်ကစားကြရာ ဇောင်ချမ်းကုန်းအသင်းက အနိုင်ရရှိသွားကြောင်းသိရသည်။ အဆိုပါ စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၃ သင်းပါဝင်ပြီး ပြိုင်ပွဲအား ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ