နတ်မောက်မြို့နယ်ကျောက်တန်းကျေးရွာအုပ်စု တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကွင်းဆင်းဆောင်ရွက်

နတ်မောက်   ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စု ကျောက်တန်းကျေးရွာတွင် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှနိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအားပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်(၉)နာရီအချိန်ခန့်က ကျောက်တန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဒု-လ.ဝ.ကမှူး ဦးအောင်သူနှင့် ဝန်ထမ်းများက ကျောက်တန်း ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ်သူ ကျား(၅၃)ဦး၊ မ(၆၃)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ်သူ မ(၁)ဦး၊ စုစုပေါင်း(၁၁၇)ဦးအား ပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နတ်မောက်မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများကိုမြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိဒေသခံပြည်သူများ၊ အရောက် လိုက်လံဆောင်ရွက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်နှင့်ပတ်သတ်၍ အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်း စာစောင်များဝေငှခြင်း၊ မြေစိုက်ပိုစတာများ စိုက်ထူခြင်း စသည့်ပညာပေးအစီအစဉ်များကို စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့်ထံမှ သိရသည်။

သင်းသင်းမြတ်