ချောက်မြို့၌ ပညာ​ရေးဝန်ထမ်းများ စီမံခန့်ခွဲမှုမွမ်းမံသင်တန်း ဖွင့်လှစ်

မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်၊​ ချောက်မြို့၌ ယ​နေ့နံနက်၉နာရီအချိန်က အထက(၁)​ကျောင်းမြရိပ်ညိုခန်းမ၌ ပညာ​ရေးဝန်ထမ်းများစီမံခန့်ခွဲမှုမွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့သည်။

လမိုင်းမြို့ မြို့မ(၂)နှင့်မြို့မ(၃)ရပ်ကွက်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင်ထောက်ပံ့

မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် မြို့မ(၂)ရပ်ကွက်နှင့် မြို့မ(၃)ရပ်ကွက်ရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက ထောက်ပံ့ငွေများကို အဘိုး၊ အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

မိုင်းယန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော် ခြင်းလုံး ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းလုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အားကစား ခန်းမ၌ ကျင်းပသည်။

ရှင်ဗွေယန်မြို့၌ ကိုဗစ်ကာကွယ်ဆေး Sinopharn ဆက်လက်ထိုးနှံပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အသက် (၁၈)နှစ်နှင့် အထက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်‌ဆေး မထိုးနှံရသေးသူများနှင့် ဒုတိယအကြိမ်ထိုးနှံမည့် သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံခြင်းကို ယမန်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ကျေးလက်ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးလျက်ရှိသည်။

ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ ( ၁/၂၂)အခမ်းအနားကျင်းပ

ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ ( ၁/၂၂)အခမ်းအနားကို ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမတွင် ယနေ့နံနက်၉နာရီအချိန်မှ စတင်ကျင်းပခဲ့ကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ (ပုဂံဌာနခွဲ)က သိရှိရသည်။

ကောင်းမွန်သော ငါးမွေးမြူခြင်း နည်းပညာ (GAqP )ဆိုင်ရာ ရက်တိုသင်တန်းပေး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအစီအစဉ်ဖြင့် ယနေ့ နေ့လည်ပိုင်းက အောင်သာကျေးရွာတွင် မွေးမြူရေးကဏ္ဍပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်ရည်ရွယ်၍ ကောင်းမွန်သောငါးမွေးမြူခြင်း နည်းပညာဆိုင်ရာ ရက်တိုသင်တန်း ဖွင့်လှစ်ခဲ့သည်။

ဟိုပုံးမြို့နယ်၌ အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က နမ့်ခုတ်ကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ရွှေတောင်ဦး တိပိဋကဓမ္မပါရ မဟာဝိဟာရကျောင်း ဆရာတော်ကြီးထံ ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် မီးလောင်မှုဖြစ်ပွားခဲ့သည့် သီတဂူချင်းတွင်း သာမဏေကျော် ဗုဒ္ဓတက္ကသိုလ်ကျေ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ (၃၀)ရက်၊ မွန်းလွဲပိုင်းတွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ရွှေတောင်ဦး တိပိဋကဓမ္မပါရ မဟာဝိဟာရ ကျောင်းတိုက်ရှိ သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ် တို့အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြာဇံများအား မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယက ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ နာယကဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းပြီး သာသနာ ရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

ကျောက်ဖြူမြို့၌ အဏ္ဏဝါညစ်ညမ်းမှု လျှော့ချနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ အဏ္ဏဝါညစ်ညမ်းမှုမဖြစ်ပေါ်စေရန်နှင့် အဏ္ဏဝါစွန့်ပစ်ပစ္စည်းများ လျှော့ချနိုင်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင် ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နေ့မွန်းလွဲပိုင်းက ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာနေရာများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ် အား/ကာ ကော်မတီ ဥက္ကဋ္ဌ ဖလား ဘောလုံး ပြိုင်ပွဲ-ဖွင့်ပွဲကျင်းပ

၂၀၂၂ခုနှစ်(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ မြို့နယ် (TSDP) အစီအစဉ်အရ ကျင်းပပြုလုပ်သော မြို့နယ်အားကစားနှင့် ကာယ ပညာကော်မတီ ဥက္ကဋ္ဌ ဖလား အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တနင်္သာရီမြို့-မြို့မအားကစားကွင်း အတွင်း ယနေ့ နံနက် ၇နာရီ၃၀ အချိန်က စည်ကားစွာ စတင်ကျင်းပကြောင်း သိရသည်။
Subscribe to