ကျောက်ဆည်မြို့၌ စီမံခန့်ခွဲမှုမွမ်းမံသင်တန်း ဖွင့်လှစ်

ကျောက်ဆည် ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံထပ် ဆောင် အစည်းအဝေးခန်းမနှင့် ခရေအဆောင်တို့တွင် ဝန်ထမ်းများတာဝန်ထမ်းဆောင်ရာတွင် မိမိတို့၏ လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု မွမ်းမံသင်တန်းကို ဇန်နဝါရီ(၃၁)ရက်နံနက်(၉)နာရီက ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရှိ ရသည်။

သင်တန်းတွင် မြို့နယ်ပညာရေးမှူးဒေါ်မိမိအောင်က သင်တန်းသား/သင်တန်သူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချလိုက်သော ဘာသာရပ်များကို အလေးထားမှတ်သားထားကြပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် စနစ်တကျ ထမ်းဆောင် သွားကြစေရေး ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးနှင့် ဒုတိယပညာရေးမှူး ဦးညွှန့်ဝင်း၊ လက်ထောက်ပညာရေးမှူး ဦးမြလှိုင်နှင့် ဦးမျိုးဝင်းလှိုင်၊ ဒုတိယဦးစီးမှူး ဒေါ်သီတာအောင်(စာရင်းအင်း)တို့က စီမံဘာသာရပ်၊ ဘဏ္ဍာဘာသာရပ်၊ ပညာဘာသာရပ်၊ စီမံကိန်းစာရင်းအင်း ဘာသာရပ်၊ ကွန်ပျူတာဘာသာရပ်များအား ဆက်လက်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား/သင်တန်းသားသူ (၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းအား လစဉ်လကုန်ရက်များတွင် တစ်ရက်(၃)ကြိမ်နှုန်းဖြင့် (၃)လသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်မောင်(ကျောက်ဆည်)