မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါကာလ  တစ်လလျှင်တစ်ကြိမ်နှုန်းဖြင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းစီ  ဆွမ်းဆန်တော်များ လှူဒါန်းလျက်ရှိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍  မိုင်းယုမြို့ ဒေသသတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား တစ်လလျှင်တစ်ကြိမ်နှုန်းဖြင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းစီ ဆွမ်းဆန်တော်များကို လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက် ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းသို့  သွားရောက်ဆက်ကပ်လှူဒါန်းခဲ့သည်။

ဒေးဒရဲမြို့နယ် တိုးကျေးရွာ၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာအုပ်စု၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို တိုးကျေးရွာအုပ်စုရှိ School Cum Shulter တွင် ကျင်းပခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌    ယနေ့နံနက် (၁၀)နာရီက   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်   ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု  ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍  လုပ်ငန်း ညှိနှိုင်းအစည်းအဝေး  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"ဖတ်မိသမျှတွေ မျှဝေပေးဖို့" စာအုပ် စာဖတ်ဝိုင်း ကျင်းပ

စာရေးဆရာမအေးဖြူ၏ "ဖတ်မိသမျှတွေမျှဝေပေးဖို့"စာအုပ် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကာမိုင်းမြို့နန့်စီးအင်ကျေးရွာတွင်ကြက်ခြေနီအသင်းခွဲငယ် ရုံးသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ကာမိုင်းမြို့၊ နန့်စီးအင်ကျေးရွာတွင် ကိုယ်အားကိုယ်ကိုး ဆောက်လုပ်ပြီးစီးသည့် ကြက်ခြေနီအသင်းခွဲငယ် ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခန့်က ကျင်းပသည်။

ညောင်တုန်းမြို့ပန်တိုင်ဂိတ်အနီးဧရာဝတီတိုင်းဒေသကြီးအဝင် ဆိုင်းဘုတ်မုဒ်ဦး ပြင်ဆင်ဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပန်တိုင်ဂိတ်အနီး ဧရာဝတီတိုင်းဒေသကြီး အဝင်ဆိုင်းဘုတ် မုဒ်ဦးပြင်ဆင်ဆောင်ရွက်မှုအား ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

စဉ့်ကူးမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်း ဆက်လက်ဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး စဉ့်ကူးမြို့နယ် ၊ ကျဉ်တောက်ပေါက်ကျေးရွာရှိ ကျေးရွာဓမ္မာရုံ၌ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအား၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို၊ ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေ ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရမ္မာဝတီခန်းမတွင် ကျင်းပကြပါသည်။ ခမ်းအနားသို့ ရမ်းဗြဲမြို့နယ်၊ မြိို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရမ်းဗြဲ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
Subscribe to