မံစီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့က ပူးပေါင်း၍ အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်မှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးမောက်မြို့နယ်နှင့် ဗန်းမော်မြို့နယ်အတွင်းရှိ တွေ့ဆုံပွဲများကျင်းပပြီး ခရိုင်အတွင်း စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ထူးဆောင် ဆုတံဆိပ်၊ လက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ချီးမြှင့်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဗန်းမော်ခရိုင်အတွင်း မိုးမောက်မြို့နယ် နှင့် ဗန်းမော်မြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကျင်းပပြီး ခရိုင်အတွင်း စွမ်းစွမ်းတမံထူးချွန်စွာတာဝန်ထမ်းဆောင် ခဲ့ကြသူများအား ဂုဏ်ထူးဆောင် ဆုတံဆိပ်၊ လက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ခြင်း ကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
Subscribe to