မိုင်းယန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော် ခြင်းလုံး ပြိုင်ပွဲကျင်းပ

မိုင်းယန်း    ဇန်နဝါရီ     ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းလုံးပြိုင်ပွဲကို  ယနေ့နံနက် ၁၀ နာရီက မြို့နယ် အားကစား ခန်းမ၌ ကျင်းပသည်။

အဆိုပါ ပိုက်ကျော်ခြင်းလုံးပြိုင်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက အားကစားပြိုင်ပွဲ ပြုလုပ်ကျင်းပရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ယှဉ်ပြိုင်ကစားရာတွင် အားကစားစိတ်ဓာတ် ထားရှိ၍ ယှဉ်ပြိုင်ကစားကြရန် မှားကြားခဲ့သည်။ ပြိုင်ပွဲဝင် အသင်းအုပ်စု (၄)အုပ်စုရှိပြီး  စုစုပေါင်း (၁၅)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။ သတ်မှတ်ဆုများအနေဖြင့် ပထမဆု ငွေကျပ်(၁)သိန်း၊ ဒုတိဆု ငွေကျပ်(၅)သောင်း၊ တတိယဆု ငွေကျပ်(၃)သောင်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသင်းအုပ်စုအလိုက် ပြိုင်ပွဲများအား ယနေ့အပြီးသတ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဖိုင်နယ် ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရပြီး ဆုရရှိကြသည့် အသင်းများကို မြို့နယ်အားကစားခန်းမ၌ တာဝန်ရှိသူများမှ ဂုဏ်ပြုဆုငွေနှင့်တံဆိပ်များ   ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းထူး