ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ ( ၁/၂၂)အခမ်းအနားကျင်းပ

ညောင်ဦး  ဇန်နဝါရီ  ၃၁

ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ ( ၁/၂၂)အခမ်းအနားကို ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမတွင် ယနေ့နံနက်၉နာရီအချိန်မှ စတင်ကျင်းပခဲ့ကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ (ပုဂံဌာနခွဲ)က သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဉီးလွင်၊ ဉီးအောင်အောင်ကျော် ညွှန်ကြားရေးမှူး နေပြည်တော်၊ ဉီးကျော်မျိုးဝင်း ညွှန်ကြားရေးမှူး ပုဂံဌာနခွဲ ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေ အနှစ်ထိန်း သိမ်းရေး ကော်မတီဝင်များ၊ပုဂံဌာနခွဲမှ အရာထမ်းအမှုထမ်းများနှင့်အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ပါသည်။

ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ ( ၁/၂၂)အခမ်းအနားကို နံက်ပိုင်းအစီအစဉ်နှင့် နေ့လည်ပိုင်း အစီအစဉ် ( ၂ )ပိုင်းခွဲခြားပြီး စာတမ်း ( ၆ ) စောင်ဖတ်ကြားခဲ့ပါသည်။နံက်ပိုင်းအစီအစဉ်တွင် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဉီးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဉီးလွင်က အဖွင့်အမှာ စကား ပြောကြား၍ ဉီးကျော်မျိုးဝင်း ညွှန်ကြားရေးမှူး ပုဂံဌာနခွဲက ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်း ဖတ်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။  ထို့နောက် သုတေသန စာတမ်းများကို ကြီးကြပ်ဆောင်ရွက်ပေးသည့် သဘာပတိများ၊ စာတမ်းရှင်များနှင့် အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ နံက်ပိုင်း ရှေးဟောင်းသုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ  အစီအစဉ်ကို နံက် ( ၁ဝးဝဝ)နာရီတွင် စတင်ခဲ့ပါသည်။ပထမဉီးစွာစာတမ်းရှင်(၁) ဒေါ်လင်းလင်းအိ (ဒု-ဉီးစီးမှူး)က “ခေမင်္ဂဘုရား ၅ဆူထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း လေ့လာချက်”    စာတမ်းကိုဉီးမျိုးညွှန့် (ညွှန်ကြားရေး မှူး -ငြိမ်း)က သဘာပတိအဖြစ်လည်းကောင်း ၊ စာတမ်းရှင်(၂) ဒေါ်တင်နွယ်ဝင်း (ဒု-ဉီးစီးမှူး)က “ ပုဂံဒေသရှိ စိုက်ပျိုးမှုဆိုင်ရာ မျိုးရင်းအပင်များ လေ့လာချက် “ စာတမ်းကို ဉီးအောင်အောင်ကျော် ညွှန်ကြားရေးမှူး နေပြည်တော် ၊ သဘာပတိအဖြစ်လည်းကောင်း  စာတမ်းရှင်(၃)ဒေါ်လှဝင်းရီ  (ဒု-ဉီးစီးမှူး)က “ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် ရရှိသော မြန်မာနိုင်ငံမှ ရှားပါးစာပေ ပစ္စည်းများ “ စာတမ်းကို ဉီးမျိုးညွှန့်အောင်  (ဒုတိယညွှန်ကြားရေးမှူး -ငြိမ်း)က သဘာပတိ အဖြစ်လည်းကောင်း၊ စာတမ်းရှင်(၄ )ဒေါ်ပြုံးမို့မို့လှိုင်(အငယ်တန်းအင်ဂျင်နီယာ)က “ပုဂံကမ္ဘာ့အမွေအနှစ် ဒေသအတွင်းရှိ ရှေးဟောင်းအဆောက်အအုံအမှတ် - ၅၃၉ (နရသီဟပတေ့ဘုရား)၊ ၅၈၈ (အစ္ဇျဂေါဏဘုရား) နှင့် ၇၁၁ (လက်ပွတ်ကန်ဘုရား) တို့၏ မဟာရံတံတိုင်းများပျက်စီးမှုအား ဆန်းစစ်လေ့လာခြင်း “ စာတမ်းကို ‌ စာတမ်းကိုဉီးမျိုးညွှန့် (ညွှန်ကြားရေးမှူး -ငြိမ်း)က သဘာပတိအဖြစ်လည်းကောင်းဆောင်ရွက်ပြီး နံနက်ပိုင်း စာတမ်းဖတ်ပွဲ အစီအစဉ်ကို နံက် ( ၁၂းဝဝ) အချိန် ရုပ်သိမ်းခဲ့ပါသည်။

နေ့လည်ပိုင်း အစီအစဉ်ကို ( ၁း၃၀ ) နာရီအချိန်ကျင်းပရာ စာတမ်းရှင်( ၅ )ဒေါ်ဉမ္မာကျော် (ဒု-ဉီးစီးမှူး)က “မြန်မာရိုးရာထန်းယဉ်ကျေးမှုအကြောင်းလေ့လာချက် “ စာတမ်းကို ဉီးအောင်အောင်ကျော် ညွှန်ကြားရေးမှူး နေပြည်တော် ၊ သဘာပတိအဖြစ်လည်းကောင်း၊ စာတမ်းရှင်( ၆ )ဒေါ်ခင်မာချို (ဦးစီးအရာရှိ)က “ ဇာတ်စုံ ညီနောင်ဘုရား နံရံဆေးရေးပန်းချီလေ့လာချက် “ စာတမ်းကို ဉီးမျိုးညွှန်အောင်  (ဒုတိယညွှန်ကြားရေးမှူး -ငြိမ်း) က သဘာပတိအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။

စာတမ်းများ ဖတ်ကြားအပြီးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဉီးလွင်က သဘာပတိများအား အမှတ် တရ လက်ဆောင်ပစ္စည်းပေးအပ်ခြင်း ၊ ဉီးအောင်အောင်ကျော် ညွှန်ကြားရေးမှူး နေပြည်တော်က စာတမ်းရှင် (၃ )ဦးအား လည်းကောင်း၊ ဉီးကျော်မျိုးဝင်း ညွှန်ကြားရေးမှူး ပုဂံဌာနခွဲ စာတမ်းရှင် (၃ )ဦးတို့အား အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပြီး  ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြား၍ ရှေးဟောင်း သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ ( ၁/၂၂)အခမ်းအနား အစီအစဉ်ကို ညနေ ( ၀၄း၁၅)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

ကိုထိန်၊KPD