စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ရွှေတောင်ဦး တိပိဋကဓမ္မပါရ မဟာဝိဟာရကျောင်း ဆရာတော်ကြီးထံ ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် မီးလောင်မှုဖြစ်ပွားခဲ့သည့် သီတဂူချင်းတွင်း သာမဏေကျော် ဗုဒ္ဓတက္ကသိုလ်ကျေ

မုံရွာ  ဇန်နဝါရီ  ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ (၃၀)ရက်၊ မွန်းလွဲပိုင်းတွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ရွှေတောင်ဦး တိပိဋကဓမ္မပါရ မဟာဝိဟာရ ကျောင်းတိုက်ရှိ သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ် တို့အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြာဇံများအား မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယက ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ နာယကဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းပြီး သာသနာ ရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

 ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဆားလင်းကြီးမြို့နယ် အောင်ဇေယျမြို့သစ်ရှိ သီတဂူချင်းတွင်း သာမဏေကျော်ဗုဒ္ဓတက္က သိုလ်ကျောင်းတိုက်သို့ ရောက်ရှိရာ ဇန်နဝါရီ လ (၂၇)ရက်နေ့ ညပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် သံဃာနားနေဆောင် အလျား - ၆၀ ပေ၊ အနံ - ၂၀ ပေ၊ အမြင့် - ၂၄ ပေ၊ ငွေကျပ် - သိန်း(၂၀)ခန့်တန်ဘိုးရှိ ထန်းရွက်မိုး၊ ထရံကာ အဆောက်အဦးအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မီးလောင်းခဲ့သည့် သံဃာ ဆောင်အား သွပ်မိုး၊အုတ်ကာ၊ ကွန်ကရစ်အဆောက်အဦးအဖြစ် အမြန်ပြန်လည်တည်ဆောက်ပြီးစီးရေး၊ ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                                            

  တိုင်းဒေသကြီး