ကောင်းမွန်သော ငါးမွေးမြူခြင်း နည်းပညာ (GAqP )ဆိုင်ရာ ရက်တိုသင်တန်းပေး

ရေဦး  ဇန်နဝါရီ   ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအစီအစဉ်ဖြင့် ယနေ့ နေ့လည်ပိုင်းက အောင်သာကျေးရွာတွင် မွေးမြူရေးကဏ္ဍပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်ရည်ရွယ်၍ ကောင်းမွန်သောငါးမွေးမြူခြင်း နည်းပညာဆိုင်ရာ ရက်တိုသင်တန်း ဖွင့်လှစ်ခဲ့သည်။

သင်တန်းသို့ အောင်သာကျေးရွာမှ ငါးလုပ်ငန်းလုပ်ကိုင်သူနှင့် ရေလုပ်သား ၂၅ ဦးတက်ရောက်ခဲ့ကြသည်။ သင်တန်းတွင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှုး ဦးမြင့်နိုင် ကကောင်းမွန်သော ငါးမွေးမြူခြင်းနည်းပညာပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး  လက်ထောက်ဦးစီးမှုး ဦးချမ်းအေးသူက ကောင်းမွန်သော ငါးမွေးမြူခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များအကြောင်းကို အသေးစိတ် ရှင်းပြခဲ့သည်။

ထို့နောက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှုးက တက်ရောက်လာကြသော သင်တန်းသားများကို ကောင်းမွန်သော ငါးမွေးမြူခြင်းဆိုင်ရာ မှတ်စုစာအုပ်များပေးဝေကာ သင်တန်းသားများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေရှင်းပေးခဲ့ပြီး သင်တန်းကာလမှာ တစ်ရက်တည်း ဖြစ်ကြောင်း သိရသည်။