ချောက် ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့၌ ယနေ့နံနက်၉နာရီအချိန်က အထက(၁)ကျောင်းမြရိပ်ညိုခန်းမ၌ ပညာရေးဝန်ထမ်းများစီမံခန့်ခွဲမှုမွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပညာရေးမှူးက တက်ရောက်လာသော ပညာရေးဝန်ထမ်းများအား မိမိ တို့၏ ကျောင်းတွင်းလုပ်ငန်း စွမ်းရည်တာဝန်များကို ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ ပညာရေးဝန်ထမ်းများစီမံခန့်ခွဲမှုမွမ်းမံ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းရောက်သူ အားလုံးအလေးထား၍ မှတ်သားလိုက်နာကြပါရန် ၊သင်တန်းနှင့်ပတ်သက်သည့် ဘာသာရပ် (၅)ခုတို့အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဇန်နဝါရီ၃၁ရက်နေ့မှစ နံနက်၁၀နာရီ ၁၂နာရီခွဲအထိ သင်တန်းပုံမှန် ပို့ချ မည်ဖြစ်ပြီး သင်ကြားမည့်ဘာသာရပ်များမှာ( စီမံ၊ဘဏ္ဍာ၊ပညာ၊စီမံကိန်း၊ကွန်ပျူတာ/ICT ) ဘာသာရပ်(၅)ခုကို သင်ကြားပေးမည်ဖြစ်သည်၊သင်တန်းနည်းပြအဖြစ်မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး၊အထက(၂)ကျောင်းအုပ်ကြီးတို့မှ ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၂၀၁)ကျောင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းတို့မှ ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီး(၂၀၁)ဦးနှင့် စာရေးဝန်ထမ်း(၂၁)ဦးစုစုပေါင်း(၂၂၂)ဦးတို့အား တစ်လလျှင်ဘာသာရပ် (၃)ခုဖြင့် လစဉ်အထက(၁)ကျောင်းမြရိပ်ညိုခန်းမ၌ သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)