ရှင်ဗွေယန်မြို့၌ ကိုဗစ်ကာကွယ်ဆေး Sinopharn ဆက်လက်ထိုးနှံပေး

ရှင်ဗွေယန်       ဇန်နဝါရီ   ၃၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အသက် (၁၈)နှစ်နှင့် အထက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်‌ဆေး မထိုးနှံရသေးသူများနှင့် ဒုတိယအကြိမ်ထိုးနှံမည့် သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံခြင်းကို ယမန်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ကျေးလက်ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကိုရှင်ဗွေယန်မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာ(၆)ရွာမှ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးသူများနှင့် ဒုတိယအကြိမ်ထိုးနှံ မည့်သူများအား ရှင်ဗွေယန်မြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးလွင်ဦး ကြီးကြပ်၍ ကျေးလက် ကျန်းမာရေးဦးစီးဌာနဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိ‌ ကြောင်းသိရသည်။     

ရှင်ဗွေယန်/ပြန်ဆက်