ရန်ကုန် ဖေဖော်ဝါရီ ၁
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ဒလမြို့နယ် ဒေသခံပြည်သူများ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံ ကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလုပ်သားပြည်သူများ၊ အစိုးရ ဝန်ထမ်း များ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် အထွေထွေလုပ်သားပြည်သူများအား ရန်ကုန်မြစ်တွင်း ချယ်ရီသင်္ဘော ရေယာဉ်များ ဖြင့် ကူးတို့ပို့ဆောင်ပြေးဆွဲပေးလျက်ရှိရာ ယနေ့ နံနက်က ခရီးသည်များ အေးအေးချမ်းချမ်းဖြင့် ပုံမှန်သွားလာ လျက်ရှိသည်ကို တွေ့မြင်ရသည်။
“ ဒီနေ့က ဘာနေ့ဘဲဖြစ်ဖြစ် ကျွန်တော်တို့အလုပ်က နားလို့မရဘူး၊ ပုံမှန်ဘဲ ကိုယ့်အလုပ် ကိုယ်လုပ်ရမှာပဲ၊ ပိတ်ရက်မှ မဟုတ်တာ၊ အလုပ်နားရင် ဘယ်သူက ပိုက်ဆံပေးမှာလည်း၊ ကိုယ့်ရဲ့ အလုပ်ပဲ ထိခိုက်မှာ၊ ကိုယ်တစ်ယောက်ထဲ ဒုက္ခရောက်မှာမဟုတ်ဘူး၊ မိသားစု စားဝတ်နေရေးက ပိုအရေးကြီးတယ်၊ သူတို့က အလုပ်မသွားခိုင်းတိုင်း ကျွန်တော်တို့ လိုက်ပြီး မလုပ်ပေးနိုင်ဘူး၊ ကျွန်တော်တို့အခက်အခဲ ကျွန်တော်တို့ ကိုယ်တိုင်ပဲ သိလို့ အလုပ်ကို သွားတာပါ ” ဟု ဧရာဝတီတိုင်းဒေသကြီးမှ ခရီးသည် တစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ခရီးသည်များသွားလာမှု အဆင်ပြေစေရေးအတွက် သင်္ဘောရေယာဉ်ခရီးစဉ်များ ပြေးဆွဲ ပေးရာတွင် ဒလဆိပ်ကမ်းမှ ထွက်ခွာချိန် နံနက် ၅ နာရီခွဲမှ ည ၆ နာရီခွဲအထိနှင့် ရန်ကုန်(ပန်းဆိုးတန်း) ဆိပ်ကမ်းမှ ထွက်ခွာချိန် နံနက် ၆ နာရီမှ ည ၇ နာရီအထိ ပုံမှန်ပြေးဆွဲပေးလျက်ရှိပြီး၊ အနယ်နယ်အရပ်ရပ်က ခရီးသွားလုပ်သား ပြည်သူများ သွားလာမှုအပေါ်မူတည်၍ ရေယာဉ် ခရီးစဉ် အချိန်များကို တိုးလျှော့ပြုလုပ်၍ ကူးတို့ပို့ဆောင်ပြေးဆွဲ ပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ သိရ သည်။
သုတ