တွံတေး ဖေဖော်ဝါရီ ၁
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ဌက်ပျောစမ်းကျေးရွာအုပ်စု၊ ရွာသစ်ကြီး၊ ရွာသစ်ကလေးကျေးရွာ ကျေးရွာချင်းဆက် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉နာရီက အဆိုပါ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်း မရှိစဉ်က ကျေးရွာနေပြည်သူများ မိုးတွင်းအခါ စမ်းချောင်းများရှိ၍ ကျေးရွာတစ်ရွာနှင့် တစ်ရွာသွားလာရန် ခက်ခဲပြီး နွေအခါသဲဗွက်များရှိနေ၍ သွားလာရခက်ခဲသော လမ်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ယင်းလမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ရာသီမရွေးသွားနိုင်သော ကွန်ကရစ်လမ်းအပြင် လျှပ်စစ်မီးပါရရှိအောင် ဆောင်ရွက်ပေးခဲ့သည့်အတွက် ဒေသခံပြည်သူများ ဝမ်းသာပီတိဖြစ်နေကြကြောင်း ဒေသခံတစ်ဦးကလည်း ရင်တွင်းပီတီစကားသံကို ကြားသိခဲ့ရပြီး ရွာသစ်ကြီး- ရွာသစ်ကလေး- အရိုးကန့်လန် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသည် အရှည် (၀ / ၆) မိုင်၊ အကျယ် (၁၂)ပေနှင့် (၇)လက်မထု ရှိ အဆိုပါ ကျေးရွာဆက် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး ဌက်ပျောစမ်းကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှညွှန့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျေးရွာချင်းဆက် ကျေးလက်လမ်းဖွင့်ပွဲကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဦးသက်နိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှညွှန့်တို့က ယင်းကျေးရွာချင်းဆက် လမ်းအား ယနေ့နံနက်ပိုင်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်သည် တန်လျားလေး အနောက်အရိုးတောင်မှတစ်ဆင့် ကော့မှူးမြို့နယ်အစပ် ဘုရားနီမှ မကျီးကန်၊ ဌက်အော်စမ်းလမ်းကို ဆက်သွယ်မိကာ ဒေသခံကျေးရွာများရှိ ပြည်သူများ ယခင်က ရေလမ်းမှချောင်းရေ ရေတက်ရေကျကို စောင့်နေစရာ မလိုဘဲ ကွန်ကရစ်လမ်းကနေ တွံတေးမှ ကော့မှူးမြို့နယ်သို့ ကုန်းလမ်းမှ ရာသီမရွေး ဒေသထုတ်ကုန်များကို ကုန်ထုတ်လမ်းအဖြစ် အချိန်နှင့်တစ်ပြေးညီ အသုံးပြုပို့ဆောင်နိုင်တော့မှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဦးသက်နိုင်ထွန်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမိုးဆက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာသူ/ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တွံတေးသား