ရမ်းဗြဲ ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရမ္မာဝတီခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရမ်းဗြဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
အဆိုပါ ပေးအပ်ပွဲတွင် ပန်ခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကွင်းဆင်း ဆောင်ရွက်ခဲ့သည့် ကျေးရွာအုပ်စုများနှင့် အခြေခံပညာကျောင်းများဖြစ်ကြသည့် ခွဆုံအုပ်စု၊ ငစမိအုပ်စု၊ ကံ့ကော်အုပ်စု မရွတ်ချိန်အုပ်စု၊ သင်းပေါင်းချောင်းအုပ်စု၊ စေရင်းအုပ်စု၊ ငသမုတ်အုပ်စု၊ ရေကောင်းချောင်းအုပ်စု၊ အမှတ်(၁) အ.ထ.က၊ ရမ်းဗြဲ၊ အမှတ်(၂) အ.ထ.က-ပုလုပ်တောင် ရမ်းဗြဲ၊ အ.ထ.က ဦးကာပြင်၊ အ.ထ.က(ခွဲ)ပိန္နဲချောင်း၊ အ.ထ.က(ခွဲ)သင်းပေါင်းချောင်း၊ အ.ထ.က(ခွဲ) မရွတ်ချိန်၊ အ.လ.က(ခွဲ)စေရင်း တို့မှ နိုင်ငံသားကတ်ပြားပေါင်း (၄၂၅)ခုနှင့် အိမ်ထောင်စု လူဦးရေစာရင်းတွင် အိမ်ထောင်စုခွဲ (၅၂)ခုနှင့် အိမ်ထောင်စု လူဦးရေစာရင်း မိတ္တူ(၆၄)ခု စုစုပေါင်း(၁၁၆)တို့ကို ဆောင်ရွက် ပေးခဲ့ရာ ရမ်းဗြဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရမ်းဗြဲမြို့နယ် မြို့နယ် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်မြို့တို့မှ ပေးအပ်ပေးခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)