ရန်ကုန် ဖေဖော်ဝါရီ ၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ အခွန်လွတ်စျေး၊ လှည်းတန်းစျေး၊ (ပေ၅၀)စျေး၊ သံလွင်စျေး၊ ဆင်မလိုက်စျေးနှင့် ဦးရွှေမှန်စျေးတို့တွင် ယနေ့နံနက်ပိုင်းက ကုန်မျိုးစုံဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ ကုန်စိမ်းနှင့်အသား ငါးစျေးဆိုင်များအား ပုံမှန်နေ့ရက်များအတိုင်း စျေးသည် စျေးဝယ်များနှင့် ဝယ်ယူရောင်းချနေလျက်ရှိကြောင်း သိရသည်။
အဆိုပါ စျေးရောင်းချနေမှုများကို မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စျေးများ ဖွင့်လှစ်ရောင်းချမှု အခြေအနေကို လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။
စိမ်းလဲ့(ပြန်/ဆက်)