ဟင်္သာတမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်ခဲ့သော ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ဟင်္သာတ ဖေဖေါ်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့တွင် တိုင်းဒေသကြီးရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေ များဖြင့်ဆောင်ရွက် ပြီးစီးခဲ့သော အေးမြသာယာရပ်ကွက် ဗန္ဓုလ လမ်းသွယ်() ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းလွင် မြို့နယ်စည်ပင်သာယာရေးကော်တီဥက္ကဋ္ဌ ဦးမြင့်သိန်း လမ်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးဝင်းတို့မှ လမ်းမုခ်ဦးဆိုင်းဘုတ်ရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက လမ်းသစ်တစ်လျောက် လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ ကွန်ကရစ်လမ်းအား ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ရပ်ကွက်ပြည်သူလူထု ပူးပေါင်းထည့်ဝင်ငွေဖြင့် ဆောင်ရွက်ခဲ့ပြီး လမ်းအရှည် (၅၀၂ပေ၊ အကျယ် ၁၀ပေ အမြင့်ထု လက္မ ရှိကာ စုစုပေါင်းကုန်ကျငွေ ကျပ် ၁၀၇ သိန်းဖြင့် အကုန်ကျခံကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း လမ်းဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌထံမှသိရသည်။ 

ကိုဇော် (ဟင်္သာတ)