လသာမြို့နယ်တွင်အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေး

လသာ    ဖေဖော်ဝါရီ  

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် မန်​နေ့​နံနက်၉နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်းလမ်းမ​ပေါ်ရှိ     အထက(၂)လသာကျောင်း၀င်းအတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ဦးစီးမှူး​ဒေါက်တာ မျိုးကိုကိုနှင့် ဝန်ထမ်းများ၊ မြို့နယ် မီးသတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာ​ရောက် သူများအား ကိုယ်အပူချိန်တိုင်းတာ​ပေးခြင်း၊​ သွေး​ပေါင်ချိန်တိုင်းတာ​ပေးခြင်း၊ ကျန်းမာ​ရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ရှိကြောင်း သိရသည်။

ယ​နေ့တွင် အသက်(၁၈)နှစ်နှင့်အထက် ပထမအကြိမ် ထိုးနှံသူ ကျား (၁၁)ဦး (၂၁)ဦး၊ စုစု​​ပေါင်း(၃၂)ဦးတို့ကို ရောဂါကာကွယ်​ဆေးထိုးနှံ​ပေးခဲ့ကြောင်း သိရသည်။

မို့မို့သူ ( ပြန်/ဆက်)