မာန်အောင် ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေးနှင့် မာန်အောင်မြို့ အနောက်စုရပ်ကွက်၊ ကွင်းအမှတ်(၈၆၀-က)ရှိ မြေ(၂၀၀)ဧကတွင် ဉာဏ်တော်အမြင့် (၁၀၈)ပေရှိသော လောကဥူးသျှောင်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကို ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိ အဓိဌာန် ဆရာတော်မှ တည်ထားမည့် ဗုဒ္ဓရုပ်ပွားတော် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေလှအောင်က ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် မြို့မကျောင်းကြီး၌ ပင့်သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို လှူဒါန်းလိုသူ စေတနာရှင်များ အနေဖြင့် လှူဒါန်းပေးနိုင်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြို့မိမြို့ဖ ဦးသာညွန့်နှင့် ဦးဝင်းတင်တို့က ကမ္ဘာ့သာသနာပြု မဟာဇေယျ သိဒ္ဓိအဓိဌာန် ဆရာတော်မှကြွရောက်လာမည့် အစီအစဉ်နှင့် မိန့်မှာချက်များကို ပြောကြားပြီး လောကဥူးသျှောင် ထိုင်တော်မူရုပ်ပွားတော် တည်ဆောက်ရေး ပန္နက်တော်တင် မင်္ဂလာအောင်မြင်စွာ ပြီးစီးနိုင်ရေးအတွက် ကော်မတီများ အသီးသီးဖွဲ့စည်းကြသည်။
ကမ္ဘာ့သသာနာပြု မဟာဇေယျသိဒ္ဓိအဓိန်ဌာန် ဆရာတော်သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မာန်အောင်မြို့နယ်သို့ ကြွရောက်တော်မူလာမည်ဖြစ်ပြီး ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် လောကဥူးသျှောင် ဗုဒ္ဓရုပ်ပွားတော် တည်ဆောက်ရေး ပန္နက်တော်တင် မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)