ရွှေကျင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဖွင့်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင်၊ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရွှေကျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကုတင်(၁၀၀) ဆေးရုံလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက ကျင်းပ ခဲ့သည်။