မအူပင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

မအူပင် ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၅)ရပ်ကွက်၊ ၅လမ်းထိပ်မှ ရေလဲလမ်းအထိ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။

ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပြည်သူ များတက်ရောက်ခဲ့ကြသည်။

အောင်ဇေယျလမ်း ကွန်ကရစ်လမ်းခင်းခြင်းအား တင်ဒါအောင်မြင်သည့် ရာဇဝင်သစ်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး လမ်းအရှည်(၁၃၀၀) ပေ၊ အကျယ်(၁၆)ပေ၊ ထု(၈)လက်မရှိ၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ ရန်ပုံငွေ (၅၇၈.၄) သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအေးသိန်းထံက သိရှိရသည်။

အောင်ခိုင် (ပြန်/ဆက်)