လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက် လမ်းသွယ်(၂) ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ (၆) လပတ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်သော လိပ်သိုမြို့ပေါ် အမှတ် (၂) ရပ်ကွက်၊ လမ်းသွယ်(၂)ကွန်ကရစ် လမ်းဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင်(၇၅)နှစ်‌မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို‌‌ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင်ယမန်နေ့ မွန်းလွဲ (၁)နာရီ က(၇၅)နှစ်‌မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို‌‌ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှမထိုးရသေးသော အသက် ၁၈နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Sinovac Phase Seven first doses ထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါ မှမထိုးရသေးသော အသက် ၁၈နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Sinopharm ကို ဖေဖော်ဝါရီ(၁)ရက်နံနက် ၁၀ နာရီတွင် မိုးကောင်းမြို့တော်ခန်းမ ဆေးထိုးစုရပ်၌ Phase Seven first doses ထိုးနှံပေးရာ(၂၄၈)ဦး လာရောက် ထိုးနှံခဲ့ကြောင်းသိရသည်။

ဓနုဖြူမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းထွန်း၊ လဝကမှူး ဒေါ်သိန်းသိန်းစိုးနှင့် ဝန်ထမ်းများက  ယမန်နေ့နံနက်(၁၀)နာရီ အချိန်မှစ၍ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၁၃)ရပ်ကွက်တို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈နာရီ အချိန်က မှော်ဘီမြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်နှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။

ကျောက်ကြီးမြို့တွင် ရုံးလမ်းဖွင့်ပွဲ ပြုလုပ်

ကျောက်ကြီး၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ရုံးလမ်းကွန်ကရစ်လမ်း သစ်ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါလမ်းသစ် မုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ် ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပပြုလုပ်

ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလင်းရောင်လူမှုကူညီရေးအသင်း တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး (Community Centre) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to