နာဂဒေသ လေရှီးမြို့နယ် ရေဒေါင်ကျေးရွာတွင် ရွာတွင်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ် ရေဒေါင်ကျေးရွာတွင် ရွာတွင်းလမ်းကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က အဖွင့်အမှာစကား‌ပြောကြားခဲ့ပြီး မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်က အမှာစကားနှင့်အတူ အဆိုပါကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည့်အခြေအနေများနှင့် စပ်လျဉ်၍ လည်းကောင်း၊ အဆိုပါကွန်ကရစ်လမ်းအား ရေရှည်တည်တံ့ကောင်းမွန်နေစေရေးအတွက် ကျေးရွာနေပြည်သူများကလည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်စေလိုကြောင်း ရှင်းလင်းတိုက်တွန်းပြောကြာခဲ့သည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် English Basic Class (4 Skills)သင်တန်းဆင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre ) ခန်းမတွင် English Basic Class (4 Skills)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲတွင် ကျင်းပခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တံတားဦးမြို့နယ် ဝန်ထမ်းပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်းကျင်းပကြောင်း သိရသည် ။

စာအုပ်၊စာစောင်ချစ်မြတ်နိုးသူများ အသင်းစာပေရေးရာ ဆွေးနွေးပွဲ စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club စာပေရေးရာ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့မဈေးတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး  အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်နည်းများ သရုပ်ပြခြင်းဆောင်ရွက်                                

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင်  မြို့မဈေးရှိ ဈေးသူဈေးသားများ    မီးဘေးအန္တရာယ်မှ ကာကွယ်ရန်နှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက မီးငြိမ်းသတ်နိုင်ရန် ရည်ရွယ်ပြီး မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြခြင်းအား ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ညောင်လေးပင်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ ကန်သာယာလမ်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၌ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပျော်ပွဲရွှင်ပွဲနှင့် ပြိုင်ပွဲများပြုလုပ်

လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံ၌ ယမန်နေ့ နံနက်(၈)နာရီ အချိန်ကစတင်၍ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပျော်ပွဲရွှင်ပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာအုပ်စာစောင်ပြပွဲကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀)နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

 မြဝတီမြို့ New Bloom Learning Centre ကိုယ်ပိုင်ကျောင်းမှ  ဝိဇ္ဇာ၊သိပ္ပံနှင့်အနုပညာရပ်ဆိုင်ရာ ပြခန်းများပြသဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့ New Bloom Learning Centre ကိုယ်ပိုင်ကျောင်းမှ ဆရာ/ ဆရာမှများနှင့်မူကြိုး ကလေးများငယ်များ ပူးပေါင်းဆောင်ရွက်သည့် ဝိဇ္ဇာ၊ သိပ္ပံနှင့် အနုပညာရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများ ပြခန်းများပြသခြင်းကို ယမန်နေ့နေ့ လည်(၁၂) နာရီအချိန် က New Bloom Learning Centre ကိုယ်ပိုင်ကျောင်းတွင် ပြသဆောင်ရွက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် တောင်သာမြို့နယ် အလယ်ချိုင့်ကျေးရွာနှင့် ကျေးရွာချင်းဆက် လမ်းဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ် လည်နေ့အထိမ်းအမှတ် တောင်သာမြို့နယ် အလယ်ချိုင့်ကျေးရွာနှင့် ကျေးရွာချင်းဆက် လမ်းဖွင့်ပွဲကို ယနေ့ နံနက် (၈)နာရီအချိန်က အလယ်ချိုင့်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to