ရခိုင်ပြည်နယ် မောင်တောမြို့တွင် မြို့လုံးကျွတ် စည်းကားသိုက်မြိုက်စွာ ဆွမ်းဆန်စိမ်းလောင်းလှူ

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ၊ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် ပြည်သူလူထုများမှ ပူး ပေါင်း၍ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ် ၁ နာရီအချိန်  မြို့တစ်ပတ်  စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ကြီးမြို့နယ်၌ အားကစားပြိုင်ပွဲများ ကျင်းပ

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့၌ ယမန်နေ့ နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက် လမ်းသွယ်(၂) ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ (၆) လပတ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်သော လိပ်သိုမြို့ပေါ် အမှတ် (၂) ရပ်ကွက်၊ လမ်းသွယ်(၂)ကွန်ကရစ် လမ်းဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင်(၇၅)နှစ်‌မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို‌‌ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင်ယမန်နေ့ မွန်းလွဲ (၁)နာရီ က(၇၅)နှစ်‌မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို‌‌ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှမထိုးရသေးသော အသက် ၁၈နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Sinovac Phase Seven first doses ထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါ မှမထိုးရသေးသော အသက် ၁၈နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Sinopharm ကို ဖေဖော်ဝါရီ(၁)ရက်နံနက် ၁၀ နာရီတွင် မိုးကောင်းမြို့တော်ခန်းမ ဆေးထိုးစုရပ်၌ Phase Seven first doses ထိုးနှံပေးရာ(၂၄၈)ဦး လာရောက် ထိုးနှံခဲ့ကြောင်းသိရသည်။

ဓနုဖြူမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းထွန်း၊ လဝကမှူး ဒေါ်သိန်းသိန်းစိုးနှင့် ဝန်ထမ်းများက  ယမန်နေ့နံနက်(၁၀)နာရီ အချိန်မှစ၍ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၁၃)ရပ်ကွက်တို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to