မူဆယ်မြို့နယ်အတွင်းရှိ နယ်စပ်ဒေသကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများအား “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့တော် ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။