(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က တိုးချဲ့ရန် နိုင်အေးရပ်ကွက်ရှိ အဆိုပါရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။