ရွှေကျင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဖွင့်ပွဲကျင်းပ

ရွှေကျင်   ဖေဖော်ဝါရီ   

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင်၊ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရွှေကျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကုတင်(၁၀၀) ဆေးရုံလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက  ကျင်းပ ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရွှေကျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်မောင်လတ်က လမ်းနှင့် ပတ်သက်သည့်အချက်အလက် များအား ရှင်းလင်းပြောကြားပြီး၊ ရပ်မိရပ်ဖတစ်ဦးမှ အခုလို ကတ္တရာလမ်း ထပ်ပိုးလွှာခင်းပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရွှေကျင်မြို့နယ် စစ်ဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်() မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူးတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး လမ်းဖွင့်ပွဲကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို သစ္စာဗြာလကုမ္မဏီမှ တာဝန်ယူခင်းခြင်းဖြစ်ပြီး အရှည်(၂၃၈၀×၁၈×) ပေအား Mini Budget ငွေလုံးငွေရင်းရန်ပုံ ငွေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)