မြင်းခြံခရိုင် ပြန်/ဆက်ရုံးတွင် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်

မြင်းခြံ  ဖေဖော်ဝါရီ   ၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယမန် နေ့ နေ့လည် (၁) နာရီအချိန်တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ မြင်းခြံရိုင် ပြန်/ဆက် ဦးစီးအရာရှိ ဦးထိန်လင်းက "ကျွန်တော်တို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက မြို့နယ်ရုံးများကို ငွေထုတ်သူအရာရှိများခန့်အပ်ပြီး ဆောင်ရွက်ရတော့မည်ဖြစ်သဖြင့် ငွေစာရင်းလုပ်ငန်းဆောင်ရွက်သည့် ဝန်ထမ်းများအား ဘဏ္ဍာရေး ဆိုင်ရာလုပ်ငန်းများ၊ ငွေစာရင်းထိန်းသိမ်းခြင်း နည်းလမ်းများနှင့်အညီ မှန်ကန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။ သင်တန်းတွင် ဦးဇော်မင်းနိုင်(စာရင်းကိုင် လက်မှတ်ရ)က ဌစပုံစံ (၁)မှ ဌစပုံစံ (၁၆)ထိ ရေးဆွဲနည်းနှင့် ရသစ (၆) ရေးဆွဲနည်းများကို သင်ကြားပေးခဲ့သည်။

ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို (၂)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန် မြို့နယ်များမှ ဦးစီးအရာရှိ (တာဝန်ပေး) များနှင့် ငွေစာရင်းဆောင်ရွက်နေသည့် ဝန်ထမ်းများ စုစုပေါင်း (၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)