(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အုတ်တွင်းမြို့နယ် သရဖီလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

အုတ်တွင်း     ဖေဖော်ဝါရီ      ၁

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကြက်သွန်ခင်း() ရပ်ကွက်၊ သရဖီလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀:၃၀)အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းအရှည် ပေ ၄၀၀၊ အကျယ် ၈ ပေနှင့် ၈ လက်မထုရှိ ကွန်ကရစ်ခင်းလမ်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်၏ တိုင်းဒေသကြီး ထောက်ပံ့ရန်ပုံငွေ ကျပ် ၁၀၅ သိန်း နှစ်သောင်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌထံမှ သိရသည်။

ဆက်လက်ပြီး လမ်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ၊ အဖွဲ့၀င် (၁ဗိုလ်မှူးမြင့်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမင်းအောင်တို့က လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)