မိုင်းရယ် ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုအကြိုမြို့နယ်အုပ်ချုပ်ရေး မှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းမှစ၍ မိုင်းရယ်မြို့၊ မြို့နယ်ဘောလုံးကွင်းတွင် စတင် ယှဉ်ပြိုင်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် တပ်နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ မြို့နယ်အတွင်းမှအသင်းများပေါ်ထွက်၍ စုစုပေါင်း (၁၂)သင်းက အုပ်စု(၄)အုပ်စုဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
တစ်နေ့လျှင် ပွဲစဉ်(၃)ပွဲဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဗိုလ်လုပွဲကို ဖေဖော်ဝါရီ(၁၂) ပြည်ထောင်စုနေ့တွင် ယှဉ်ပြိုင်၍ ဆုများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်ထိုက်