ကျောက်မဲ ဖေဖေါ်ဝါရီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယမန်နေ့နံနက်ပိုင်းတွင် ၎င်းတိုရုံး၌ တောင်ဆေးလိပ်၊ ပင်တိန်ကျေးရွာအုပ်စုရှိ ကြံစိုက်ပျိုးသည့် တောင်သူ (၅၈)ဦးအား မိုးကြို ကြံချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မှ ၂၀၂၂ ခုနှစ်တွင် ကျောက်မဲမြို့နယ်ရှိ ကျေးရွာ (၈) အုပ်စု မှ တောင်သူ (၃၈၀) ဦးအား မိုးကြိုကြံချေးငွေ စုစုပေါင်းငွေ ၂၄၅၆၀၀၀၀၀/- ကျပ် ထုတ်ချေးရန်လျာထား ပြီး ဇန်နဝါရီ(၃၁)မှ ဖေဖေါ်ဝါရီ ၁ ရက်နေ့အထိ ကျေးရွာ ၄ အုပ်စုမှ တောင်သူ (၁၂၅) ဦးအား ချေးငွေ ၈၅၅၀၀၀၀၀/- ကျပ် ထုတ်ချေးပြီးဖြစ်ကြောင်း ကျန်ရှိသူများကိုလည်း ဆက်လက်ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ကြံစိုက်ခင်း တစ်ဧကလျှင် ငွေ ၁၀၀၀၀၀/- ကျပ်နှုန်းဖြင့် ထုတ်ချေးလျက်ရှိပြီး အတိုးနှုန်းမှာ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ကျောက်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)