(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မြန်အောင် ဖေဖော်ဝါရီ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က တိုးချဲ့ရန် နိုင်အေးရပ်ကွက်ရှိ အဆိုပါရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရပ်မိရပ်ဖ ဦးလှဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်သူရိန်ထွန်း၊ ရပ်မရပ်ဖ ဦးလှဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

မြန်အောင်မြို့ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို ၂၀၂၁ -၂၀၂၂ ခုဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင်ပြုရန်ပုံငွေ(၉၉.၅) သိန်းဖြင့် (၂၇×၁၈×၁၀)ပေ ဆောက်လုပ်ခဲ့ခြင်းဖြစ်‌ကြောင်း သိရှိရသည်။

ဝင်းဗိုလ် (မြန်အောင်)