ပုသိမ်ကြီး ဖေဖော်ဝါရီ ၁
နိုင်ငံတော်အစိုးရအနေဖြင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရန် ရည်သန်၍ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ပန်းခင်းစီမံချက်တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိရာ ပုသိမ်ကြီးမြို့နယ်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ် ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ ၁ ရက်၊ နေ့လည် ၁၂နာရီအချိန်က ပုသိမ်ကြီးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့၀င်များ တက်ရောက်ခဲ့ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
ပုသိမ်ကြီးမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံးအနေဖြင့် ပန်းခင်းစီမံချက်အဖြစ် အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိ သေးသူများ၊ အိမ်ထောင်စု လူဦးရေစာရင်းမရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေးတို့အား သက်ဆိုင်ရာ ရပ်ကွက်များအလိုက် door to door စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ယခုအခါရာနှုန်းပြည့် ပြီးမြော်အောင်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)