မင်းပြားမြို့နယ် စွန်ရဲကျေးရွာ၌ အဓိဌာန်ဆရာတော် ဘုရားကြီးမှူး၍ နှစ်ထပ်တိုက်နယ် ဆေးရုံဆောက်လုပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် စွန်ရဲအုပ်စု၊ စွန်ရဲကျေးရွာသည် မင်းပြား၊ ပေါက်တော ကားလမ်းပေါ်တွင် တည်ရှိပြီး ကမ္ဘာဗုဒ္ဓသာသနာပြု ကျေးဇူးတော် ရှင်မဟာဇေယျ သိဒိ္ဓအဓိဌာန် ဆရာတော်ဘုရားကြီးက ဦးဆောင်ကြီးမှူး၍ ပြည်တွင်းပြည်ပ အလှူရှင်များနှင့် ပူးပေါင်းကာနှစ်ထပ် တိုက်နယ်ဆေးရုံကို ရိုးမအာရုဏ်ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်မည်ဖြစ်ပြီး အတိုင်းအတာမှာ အလျှား(၁၃၅)ပေ၊ အနံ(၅၆)ပေရှိ နှစ်ထပ်တိုက်နယ် ဆေးရုံသစ် ရတနာအုဋ်မြတ်စီ မဂ်လာအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။

ဝါးခယ်မမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဝါးခယ်မမြို့ ဓမ္မဒါနလမ်း လမ်းဘေးဝဲယာတွင် စုပေါင်းအမှိုက်ကောက်ခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ၀ါးခယ်မမြို့နယ်တွင် Clean City, Green City, Smart City ဖြစ်လာစေရေးအတွက် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့နံနက် ၇ အချိန်က ဝါးခယ်မမြို့  ဓမ္မဒါနလမ်းဘေးဝဲယာတွင် ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အကြို အလယ်တန်းအဆင့်ပုံပြောပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အလယ်တန်းအဆင့် ပုံပြော ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရှိရသည်။

မန္တလေး မဟာမြတ်မုနိဘုရားကြီးတွင် ဘုရားဖူးများဖြင့် စည်ကားလျက်ရှိ

မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ မဟာမြတ်မုနိဘုရားကြီးသို့ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြပြီး ဘုရားဖူးကြသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။

ဒေါပုံမြို့နယ်တွင် ဈေးဆိုင်ခန်းများ ပုံမှန်ဖွင့်လှစ်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်လက်ပိုစတာ ကပ်ခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ ဒေါပုံဈေးတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများ ပုံမှန်ဖွင့်လှစ်ရောင်းချရေး လိုက်လံအသိပညာပေးခြင်းနှင့် လမ်းညွှန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က  ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြင်ဦးလွင်ခရိုင်ရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးTalk Show ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၁၀ နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးTalk Show ကျင်းပခဲ့ ကြောင်းသိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Page များမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူ သိရှိနိုင်စေရေး အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည်အသိပေး နှိုးဆော်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ယမန်နေ့  ညပိုင်းအချိန်က ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ စျေးများနှင့်လမ်းများတွင် ပုံမှန်အတိုင်း ရောင်းဝယ်သွားလာ စည်းကားလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ဖေဖော်ဝါရီ ၁ ရက်ယနေ့တွင် ဈေးများလမ်းများတွင် ပုံမှန်အတိုင်း ရောင်းဝယ်၊ သွားလာစည်ကားလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့ ရွှေမုဌောဘုရားဝန်းအတွင်း သန့်ရှင်းသပ်ရပ်စေရေး စုပေါင်းဆောင်ရွက်

မန္တလေးတိုင်းသေကြီး၊ မြစ်သားမြို့ ရွှေမုဌောဘုရားဝန်းအတွင်း၌ ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ရှမ်းပွဲရပ်ကွက်ရှိ ရွှေမုဌော ဘုရားဝန်းအတွင်း/ပြင်နေရာများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။
Subscribe to