ရန်ကင်းမြို့နယ်၌ အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး ၊ အရှေ့ပိုင်းခရိုင် ၊ ရန်ကင်းမြို့နယ်တွင် အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Page များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများ အပေါ် ပြည်သူများ အနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူသိရှိနိုင်စေရေး အသံချဲ့စက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့၊ နံနက်ပိုင်းနှင့် ညပိုင်းတို့တွင် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား (COVISHIELD) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊  အ​နောက်ပိုင်းခရိုင်၊  ကမာရွတ်မြို့နယ်တွင် အသက် (၁၈) နှစ်နှင့် အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား ကမာရွတ်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ အမှတ် (၂) အ​ခြေခံပညာမူလတန်း​ကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ကာကွယ်​ဆေးများ ထိုးနှံ​ပေးလျက်ရှိသည်။

မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းအချိန်ပိုင်းဖြင့် ဖွင့်လှစ်သင်ကြားပေး

ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့ရှိပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)တွင် ဇန်နဝါရီလ ၃၀ ရက်နှင့်၃၁ ရက်နေ့များ၌ ညနေ ၃ နာရီမှ ၄ နာရီခွဲအထိ မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းသင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေး နှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Page များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန် နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူ သိရှိနိုင်စေရေး အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည်အသိပေး နှိုးဆော်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းနှင့် ညပိုင်း တို့တွင် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ငါ့သရောက်မြို့ ဝန်ထမ်းများ စုပေါင်းအင်အားဖြင့် စွန်သိုက်ဘုန်းတော်ကြီးကျောင်း ဘုရားသစ်တည်ရာသို့ လုပ်အားပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ၊ အမှတ်(၁) မြောက်ကုန်းရပ်ကွက်တွင် တည်ရှိ သော စွန်သိုက်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင် အသစ်တည်ဆောက်လျက်ရှိသော ဥဒ္ဒိဿစေတီ တော်သစ်တည်ရာသို့ ငါ့သရောက်မြို့ရှိ ဝန်ထမ်းများစုပေါင်း၍  သွားရောက်ကာ လုပ်အားပေး ကုသိုလ် ဒါနယူခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်၌ လန်ပိအဏ္ဏာဝါအမျိုးသားဥယျာဉ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက် (၈)နာရီအချိန်က လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရ သည်။

ကမမောင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး တင်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်။

အများပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် အကြမ်းဖက်အဖွဲ့ဝင်များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ပြည်သူများ ပါဝင်ပတ်သက်မှု မရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် မြို့မိမြို့ဖများက ယမန်နေ့နေ့လယ်ပိုင်းတွင် မြို့နယ်အတွင်း ကွင်းဆင်း အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။

ပိုင်ကျုံမြို့ အ.ထ.ကကျောင်း၌ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ အသက်ဆယ့်ငါးနှစ်အောက် ကလေးငယ်တိုင်းအား ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ အ.ထ.ကကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက် (၃) ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်း အတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (COVIDSHIELD) ကာကွယ်ဆေး ထိုးနှံသူ ရပ်ကွက်(၃)ရပ်ကွက်မှ ကျား (၃၄) ဦးနှင့် မ (၅၄) ဦး စုစုပေါင်း (၈၈)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to